မိုးနဲ စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ ကြီးကြပ်မှုဖြင့် ကြက်ခြေနီသာမန်ရှေးဦးပြုစုခြင်း သင်တန်း(၁/၂၀၂၅)ဆင်းပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က သင်တန်းဆင်းအမှာ စကားပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးတိုးလှက ကြက်ခြေနီအသင်းခွဲ၏ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သင်းတန်းသားထူးချွန်ဆုနှင့် သင်တန်းဆင်းလက်မှတ်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကအသီးသီးပေးအပ်ခဲ့ကြပြီး သင်တန်းကို စက်တင်ဘာလ ၆ ရက်နေ့မှ အပတ်စဉ် စနေနေ့နှင့်တနင်္ဂနွေနေ့တိုင်း သင်တန်းသား၊ သင်တန်းသူ ၃၀ ဦးအား ရှေးဦးပြုစုခြင်း (သာမန်)ဘာသာရပ်(၁၇)မျိုးကို စာတွေ့၊ လက်တွေ့ပို့ချပေးခဲ့ကြောင်း သင်တန်းကြီးကြပ်သူထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)