ဆီဆိုင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ဆီဆိုင် စက်တင်ဘာ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံဖြိုးရေးသင်တန်းကျောင်း(ဆိုက်ခေါင်)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍  ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို မန်နေ့နံနက်(၉)နာရီအချိန်က နယ်စပ်ဒေသတိုင်းရင်သား လူငယ်များဖွံဖြိုးရေးသင်တန်းကျောင်း(ဆိုက်ခေါင်)ရှိခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံဖြိုးရေးသင်တန်းကျောင်း(ဆိုက်ခေါင်)မှ ကျောင်းအုပ်ဆရာကြီး ဦးခွန်အောင်မန်က အမှာစကားပြောကြားပြီး မြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကြီးဒဲရယ်က  စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပပြုလုပ်ပေးသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းကိုကျင်းပခဲ့ရာ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံဖြိုးရေးသင်တန်းကျောင်း (ဆိုက်ခေါင်)မှ Grade-11 ကျောင်းသား မောင်ဝင်းကျော်က "လူငယ်နှင့် ရည်မှန်းချက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10  ကျောင်းသူ မဇင်ဇင်မျိုးက "လူငယ်နှင့် အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11  ကျောင်းသား မောင်အောင်မြင့်မြတ်က "လူငယ်နှင့် စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-7  ကျောင်းသူ မနန်းလှသိင်္ဂီဝင်းက "လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10  ကျောင်းသား ခွန်ထွန်းလေက "လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး ဦးဆောင်ဆွေးနွေးသည့် ကျောင်းသားကျောင်းသူများက မိမိတိုဆွေးနွေးပေးခဲ့သည့် ကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးပေးခဲ့ကာ တာဝန်ရှိသူတို့က လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးပေးခဲ့သည်။  ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးဇော်ထွန်းက ကျောင်းသားကျောင်းသူများအတွက် အားကစာပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)