ရမည်းသင်း စက်တင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စက်တင်ဘာ ၂၂ နံနက်ပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ပြည်သူများ အသိပညာ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက အီးစီးကရက်အကြောင်း သိကောင်းစရာများနှင့် ပတ်သက်၍ လူကြီးမိဘများကိုယ်တိုင် သိရှိရမည့်အကြောင်းများနှင့် သား/သမီးများကို စနစ်တကျ ထိန်းကျောင်းပဲ့ပြင်ရမည့် အကြောင်းများကို သိရှိစေရန်အတွက် လူကြီးလူငယ်များအားလုံး စာပေလေ့လာဖတ်ရှုကြရန် လိုအပ်ကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး သိရှိလိုသည်များကို ဖြေကြားပေးခဲ့သည်။
အဆိုပါ ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ပြီး အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်၊စာစောင်များအား ခင်းကျင်းပြသရာ မိဘပြည်သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)