ညောင်ဦး စက်တင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစည်းအဝေးခန်းမ၌ သန့်ရှင်း၍စိမ်းလန်းစိုပြေသောကျောင်းများ အကောင်အထည်ဖော် ဆောင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၂ ရက် နေလယ် ၁ နာရီက လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်တင့်တင့်အောင်က သန့်ရှင်း၍စိမ်းလန်းစိုပြေ သောကျောင်းများ အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းအခြေအနေများအား Power Point ဖြင့်ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ညောင်ဦးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်၊ ကျောက်ပန်းတောင်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်တို့က မြို့နယ်များအတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြေသောကျောင်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမည့် အစီအစဉ်တို့အား Power Point ဖြင့် ရှင်းလင်းတင်ပြကြကာ တက်ရောက်လာသည့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းများက ဆွေးနွေးတင်ပြခဲ့ပြီး၊ ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း