ပင်လုံ စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ မိုးရာသီဖလား၊ ရပ်ကွက်/ကျေးရွာ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန် ပင်လုံမြို့ အားကစားကွင်းအတွင်း၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ဗိုလ်လုပွဲ(ဖိုင်နယ်) ပွဲစဉ်တွင် Best Friend အသင်းနှင့် Tean Flash တို့ ယှဉ်ပြိုင်ကစားခဲ့ရာ တံခွန်စိုက်ဆုဖလားကြီးကို Best Friend ဘောလုံးအသင်းက(၄)ဂိုး ဂိုးမရှိဖြင့် အနိုင်ရှိခဲ့ပါသည်။
ဆက်လက်၍ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ရာ ဆုရအသင်းများ ကွင်းအတွင်းနေရာယူကြပြီး အကောင်းဆုံးအားကစားဂိုးသမားဆု၊ နောက်တန်းအကောင်းဆုံးဆု၊ အလယ်တန်းအကောင်းဆုံးဆု၊ ရှေတန်းအကောင်းဆုံးဆုနှင့် ပွဲစဥ်တလျှောက်အကောင်းဆုံး ကစားသမားဆုများကို ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးထွန်းဇော်အောင်၊ ပြိုင်ပွဲကျင်းပရေးကော်မတီအဖွဲ့နာယက ဦးခင်မောင်မြင့်နှင့် တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများက အသီးသီးဆုများချီးမြင့်ပေးခဲ့ပြီး တတိယဆုရသော အသင်းအား စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ဒုတိယဆုရရှိသောအသင်းအား ပင်လုံနယ်မြေစခန်းမှူးတို့မှလည်းကောင်း ဒုတိယဆုရှိသောအသင်းနှင့် ပထမဆုရရှိသောအသင်းတို့မှတစ်ဦးခြင်း ဆုတံဆိပ်ကိုပင်လုံမြို့ လဝကဦးစီးမှူး ဦးထွန်းမိုးအောင်နှင့်ပင်လုံမြို့ မြိုမိ/မြို့ဖ ဦးခွန်မောင်လှတို့ကလည်းကောင်း အသီးသီးဆုများချီးမြှင့်ပေးခဲ့ပြီး၊ ပင်လုံမြို့စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်ပိုင်ဖြိုးက ပထမဆုရရှိသော Best Friend အသင်းအား ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားချီးမြှင့်ခဲ့ကြောင်း သိရသည်။ ထို့နောက် ပထမဆုရရှိသော ဘောလုံးအသင်းအား ဘောလုံးပရိတ်သတ်တစ်ဦးဖြစ်သည့် ဒေါ်သီသီဟန်မှ ငွေသားဆု(၃)သိန်းချီးမြှင့်ပြီး အခမ်းအနားအောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
၎င်းဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၃ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ပြိုင်ပွဲဝင်ဘောလုံးအားကစားအသင်း(၁၀)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အဆိုပါဘောလုံးပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် ပြိုင်ပွဲဝင်ကစားသမားများနှင့် ပင်လုံလူငယ်မောင်မယ်များ အချင်းချင်းချစ်ခင်ရင်းနှီးမှုရရှိစေရန် ၊မြို့နယ်ကိုယ်စားပြု ထူးချွန်ထက်မြက်သည့် လက်ရွေးစင်ကစားသမားများ ပေါ်ထွက်လာစေရန်၊ ဘောလုံးအားကစားနည်း တိုးတက်ဖွံဖြိုးမှုရရှိစေရန်၊ လူငယ်များဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားလာစေရန်၊ မူးယစ်အန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)