လားရှိုး စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း လားရှိုးမြို့ မြန်မာစီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးမှုနှင့် အကျိုးပြုလုပ်ငန်းဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲက ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပင်စင်စားအငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်လစာထုတ်ပေးမှု၊ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံးကြီးမှ ကျန်းမာရေးစောင့်ရှောက်ကုသဆောင်ရွက်ပေးမှု၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လားရှိုးမြို့နယ် ဦးစီးမှူးရုံးမှ မှတ်ပုံတင်/UID ကဒ်ပြုလုပ်ပေးမှု၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ သက်သာချောင်ချိစေရန်အတွက် စားသုံးသူရေးရာဦးစီးဌာနက ကြီးကြပ်၍ လားရှိုးမြို့နယ် ဆန်စပါးကုန်သည်များအသင်းအနေဖြင့် ပြင်ပပေါက်ဈေးထက် သက်သာသောနှုန်းထားဖြင့် ဧည့်မထဆန်တစ်ပြည်လျှင် ငွေကျပ် ၃၅၀၀ ကျပ်နှုန်း၊ ဆားသုံးဆီ တစ်ပိဿာလျှင် ငွေကျပ် ၈၅၃၉ ကျပ်နှုန်းဖြင့် ရောင်းချပေးနေမှု အခြေအနေအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးကာ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)