မြစ်သားမြို့ပေါ်ရှိ အခြေခံပညာမူလတန်းကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု (ဒုတိယအကြိမ်) အာဟာရကျွေးမွေး

မြစ်သား စက်တင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကို ဦးဆောင်ကာ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမများက မြို့ပေါ်အခြေခံပညာမူလတန်း‌ကျောင်းများမှ KG ကျောင်းသား‌၊‌ ကျောင်းသူများအား စက်တင်ဘာ၂ နံနက် ၉ နာရီမှစတင်၍ (ဒုတိယအကြိမ်) အာဟာရကျွေးမွေးခဲ့ကြောင်း သိရသည်။

 အဆိုပါ အာဟာရကျွေးမွေးရာတွင် ကျောင်းကျန်းမာ‌ရေးလုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်နှင့် ကျောင်းအဆင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ဆောင်ရွက်လျက်ရှိရာတွင် မြစ်သားမြို့ပေါ်ရှိ အ‌ခြေခံပညာမူလတန်းကျောင်းများမှ KG ကျောင်းသား၊ ကျောင်းသူ (၁၇၀) ဦးကို အာဟာရကျွေးမွးပေးခဲ့ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့် (မြစ်သား)