ရပ်စောက် စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိမ်းသိမ်းရေးကော်မတီမှ လျှပ်စစ်အသိ၊ လျှပ်စစ်သတိအကြောင်း အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ရပ်စောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ယွန်းလဲ့သန္တာအောင်က လျှပ်စစ်အသိ၊ လျှပ်စစ်သတိနှင့်ပတ်သက်၍ရှောင်ရန်၊ ဆောင်ရန်အချက်များ အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများအား အဟာရခြောက်ဆွဲထုပ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)