လွိုင်လင်မြို့ အ.မ.က(၃) မူလွန်ကျောင်း၌ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်

လွိုင်လင် စက်တင်ဘာ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ ကြက်ခြေနီတပ်ဖွဲ့မှ ကြီးမှူး၍ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ပြုလုပ်သည်။

ထိုသို့ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပန်ချီးပြိုင်ပွဲမကျင်းပမီ ဦးစွာခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးက ကြက်ခြေနီအသင်း ဖြစ်ပေါ်လာပုံအကြောင်းကို အသိပညာပေး ဟောပြောခဲ့သည်။ ယင်းနောက် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့  World First Aid Day အထိမ်းအမှတ် KG တန်းအတွက် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ မူလတန်းနှင့် မူလွန်အဆင့်ကို ပန်းချီပြိုင်ပွဲများ ပြုလုပ်ပေးပြီး ဆုရရှိသည့် ကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့် ပေးကြသည်။

အဆိုပါ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ်အဖြစ် ယခုနှစ်တွင် ဥတုဖောက်ပြန် သဘာဝဘေးရန် ရှေးဦးပြုစုခြင်းဖြင့်တို့တုံ့ပြန် ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲများတွင် ကျောင်းသား/သူ(၆၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

လွိုင်လင်မိုး