ပြင်ဦးလွင် စက်တင်ဘာ ၂၂
လူငယ်ကဏ္ဍကိုမြှင့်တင်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၂၂ ရက် နံနက်(၉)နာရီခွဲက ပြင်ဦးလွင်မြို့နယ် သရက်ကုန်း (အ.လ.က)တွင် ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက ဟောပြောပွဲ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာစာပေ ယဥ်ကျေးမှုအသင်းဥက္ကဌ စာရေးဆရာ ကိုရွှေအောင်သင်းက “လူငယ်နှင့် အနာဂတ်နိုင်ငံတော်” ခေါင်းစဉ်၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ကြူကြူက “လူကုန်ကူးမှုအန္တရာယ်”ခေါင်းစဉ်တို့ဖြင့် ဟောပြောဆွေးနွေးသည်။ ထို့နောက် ဟောပြောဆွေးနွေးချက်များကို ကျောင်းသား/ကျောင်းသူများအား မေးမြန်းခဲ့ရာ ကျောင်းသား/ကျောင်းသူများက မေးမြန်းချက်များအား ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ မေးမြန်းဆွေးနွေးချက်များအား ပြန်လည်ဖြေကြားပေးခဲ့သော ကျောင်းသား/ ကျောင်းသူများအား ပီတိအပြုံးပညာရေးဖွံ့ဖြိုးမှုအဖွဲ့မှ အတွင်းရေးမှူး ဒေါ်မြအေးငြိမ်းက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န် ရှိသူများသည် ကျောင်းသား/ကျောင်းသူများအား အသိအလိမ္မာရဖွယ် သုတ၊ ရသပုံပြင်များ ဖတ်ကြားပြခြင်း၊ အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်များ ခင်းကျင်းပြသသည်။ အဆိုပါဟောပြောပွဲသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့သည်။
သွေးသွေး (ခရိုင် ပြန်/ဆက်)