သံတောင်ကြီးမြို့နယ်တွင်နိုင်ငံ့ဝန်ထမ်းများ၏ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေးလျက်ရှိ

သံတောင်ကြီး    စက်တင်ဘာ ၂၂

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ကို  မြန်မာ့ စီးပွားရေးဘဏ်၌   စက်တင်ဘာ ၂၂ ရက်တွင် ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်လစာထုတ်ယူရာတွင်အခက်ခဲမရှိစေရန်  သတ်မှတ်ရက်များတွင်း အလှည့်ကျထုတ်ပေးခြင်း၊ ပင်စင်လစာများကို မိမိကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်း အမျိုးမျိုးကြောင့် ကိုယ်တိုင်လာရောက်မထုတ်ယူနိုင်ပါက မိသားစုဝင်တစ်ဦးဦးအား ကိုယ်စားလှယ် လွှဲစာဖြင့်လာရောက်ထုတ်ယူနိုင်ကြောင်း၊ ပင်စင်လာရောက်ထုတ်ယူရန်တွင် အခက်ခဲမရှိစေရန်၊ အဆေပြေချောမွေ့စေရန်နှင့် လူစုလူဝေးမဖြစ်စေရန်ဘဏ်ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပင်စင်ထုတ်ယူရာတွင် လစဉ်(၂၁)ရက်မှ လကုန်ရက်အထိ ရုံးဖွင့်ချိန်တွင် ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

နော်နော်မူ