မန္တလေး စက်တင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီးဒေသကြီးအတွင်း ငလျင်ဘေးသင့်ဘာသာရေး အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ ပြန်လည်ပြုပြင် တည်ဆောက်ရေးအတွက် အမိုးသွပ်နှင့် ခေါင်အုပ်သွပ်ချပ် များပေးအပ်လှူဒါန်းပွဲအခမ်းအနားကို စက်တင်ဘာ ၂၀ရက် က အောင်မြေသာစံမြို့နယ်ရှိ မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီးတွင် ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ မစိုးရိမ်တိုက်သစ် ဓမ္မဂါရဝကျောင်း ဆရာတော်ထံက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာယူ ကြည်ညိုကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က တိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်သင့် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ၊ ဘာသာရေး အဆောက်အဦများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အမိုးသွပ် ၂၅၅၅၆ချပ်၊ ခေါင်အုပ်သွပ် ၃၃၃၄ချပ် စုစုပေါင်း သွပ်ချပ်ရေ ၂၈၈၉၀ ကို အလှူရှင်ကိုယ်စား လှူဒါန်းပေးအပ်ခြင်းဖြစ်ပါကြောင်း လျှောက်ထားသည်။
ဆက်လက်၍ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မစိုးရိမ်တိုက် သစ်ဓမ္မဂါရဝကျောင်း ဆရာတော်ထံ တိုင်းဒေသကြီးဝန်ကြီးချုပ်က လှူဖွယ်ပစ္စည်းများ၊ နဝကမ္မဝတ္ထုငွေများနှင့် သွပ်ချပ်ရေ ၂၈၈၉၀ ကို လှူဒါန်းပြီးနောက် တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား သင်္ကန်းများဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ ဒက္ခိဏာ ရာမဘုရားကြီးတိုက် သာသနဇောတိတာရုံကျောင်းဆရာတော်ထံမှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှအတမ်းပေးဝေးခဲ့ကြသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)