မန္တလေး စက်တင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ စက်တင်ဘာ ၁၉ ရက်က အခြေခံပညာကျောင်းများအတွက် ထောက်ပံ့ပေးသည့် အစိမ်းရောင်၊ အဝါရောင်၊ အပြာရောင်နှင့်အနီရောင် လေးမျိုးပါ အမှိုက်ပုံးများ ခွဲဝေပေးအပ်သည်။
ထိုသို့ပေးအပ်ရာတွင် အောင်မြေသာစံမြို့နယ်ရှိအမှတ်(၁)၊အမှတ်(၄) အမှတ်(၈)၊အမှတ်(၁၁)၊ အမှတ်(၉)၊ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းများနှင့် အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ) (လ_၁၄)တွင် ခွဲဝေပေးအပ်သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က အများပြည်သူနှင့်သက်ဆိုင်သောနေရာများတွင် အသုံးပြုနိုင်ရန်အတွက် ထောက်ပံ့ပေးသည့် အရောင် ၄ မျိုးပါ အမှိုက်ပုံး အစုံ ၃၀၀ ကို ဆက်လက်ခွဲဝေပေးအပ်သွားမည်ဖြစ်သည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)