အောင်မြေသာစံခရိုင်ငါးလုပ်ငန်းဦးစီးဌာနက ဧရာဝတီမြစ်အတွင်း ငါးမျိုး ခုနစ်သိန်းစိုက်ထည့်

မမ္တလေး  စက်တင်ဘာ ၂၂

မန္တလေး၊အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ် ပုဂံတပ်ကျေးရွာအုပ်စုအနီး ညောင်ကွဲဆိပ်ကမ်း၌ စက်တင်ဘာ ၁၉ ရက်က ခရိုင်ငါးလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ဧရာဝတီမြစ်အတွင်း  ငါးမျိုးကောင်ရေ ခုနစ်သိန်းစိုက်ထည့် ကြောင်း သိရသည်။

အဆိုပါ စုပေါင်းငါးမျိုးစိုက်ထည့်ပွဲတွင် ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်သန်း၊ အောင်မြေသာစံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးတင်မောင်ဝင်း၊  ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်၊    မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်၊  နှင့်ဝန်ထမ်းများ၊ အမျိုးသမီး‌ရေးရာအဖွဲ့၊ မိခင်နှင့်က‌လေးစောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများက ငါးမြစ်ချင်းကောင်ရေလေးသိန်းခွဲ၊ ငါးခုံးမကြီး ကောင်ရေ တစ်သိန်းခွဲ၊ ရွှေဝါငါးကြင်း ကောင်ရေတစ်သိန်း စုစုပေါင်း ငါးမျိုးကောင်ရေ ခုနစ်သိန်း  ဧရာဝတီမြစ်အတွင်း စိုက်ထည့်ကြသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)