ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော် မြန်မာအီလက်ထရောနစ် မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်းသား/သူများ၊ ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများနှင့်တွေ့ဆုံ

ပူတာအို စက်တင်ဘာ ၂

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဉီးခင်ဇော်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဉီးတိန့်ဆောင်၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ပြည်နယ်ဉီးစီးမှူး ဉီးမျိုးမင်းဉီး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌ ဉီးစိုးထွန်းနှင့်အတူ စက်တင်ဘာ (၂၀)ရက်က မြန်မာအီလက်ထရောနစ် မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်းသား/သူများ၊ ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများနှင့်တွေ့ဆုံသည်။

ရှေးဉီးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဉီးခင်ဇော်သည် ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ကြီးမှူးဖွင့်လှစ်သော မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းသားသင်တန်းသူ စုစုပေါင်း (၂၂၀)ဦးနှင့်တွေ့ဆုံကာ လာမည့်ဒီဇင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ကျရာအခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်ရေးတို့ကိုမှာကြားပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်နှင့် တာဝန်ရှိသူများက သင်တန်းသားသင်တန်းသူများအဖွဲ့လိုက် မဲပေးသရုပ်ပြနေမှု များကိုကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဉီးခင်ဇော်သည် ပြည်နယ်ဉီးစီးမှူး ဉီးမျိုးမင်းဉီးနှင့်အတူ ပူတာအိုခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များအားတွေ့ဆုံ၍ မဲစာရင်းမှန်ကန်ရေး၊ ရွေးကောက်ပွဲအကြိုကာလတွင် ရပ်ကွက်၊ ကျေးရွာအုပ်စုများသို့ ကွင်းဆင်း၍ မဲဆန္ဒရှင်ပြည်သူများအား အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရေး၊ မဲပေးစက်များ မြို့နယ်၊ မဲရုံများသို့ ရောက်ရှိရေးအတွက် ခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီများနှင့် ပေါင်းစပ်ဆောင်ရွက် ရေးတို့ကိုမှာကြားပြီး အခမ်းအနားတက်ရောက်လာသည့် ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ခရိုင်နှင့်မြို့နယ်များအတွက်လိုသည်များကိုရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ပေါင်းစပ်ဆောင်ရွက်ပေးကာ ပူတာအိုခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းနေမှုများကိုကြည့်ရှုအားပေးသည်။

ဆက်လက်၍ ည​နေပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဉီးခင်ဇော်သည် ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဉီးတိန့်ဆောင်နှင့်တာဝန်ရှိသူများလိုက်ပါလျက် ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများနှင့်တွေ့ဆုံကာ လာမည့်ဒီဇင်ဘာလတွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုက​ရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ်(MMP) Mixed Member Proportional System အကြောင်းရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံပါတီများမှ ​သိရှိလိုသည်များအား ပြန်လည်ရှင်းလင်းဖြေကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)