ရန်ကုန် စက်တင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community centre ခန်းမ၌ ယနေ့ မွန်းလွဲ (၁) နာရီက စာဖတ်ဝိုင်းဆွေးနွေးပွဲ" ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးမှ ညွှန်ကြား ရေးမှူး ဒေါ်ခင်စောလင်းမှ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် စာရေးဆရာ-မောင်ရိုး(ငဖဲ)မှ မိမိရေးသားထားသည့် လွမ်းရ တမ်းတပါ့ငဖဲမြေ" စာအုပ်ကို ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် စာပေချစ်သူပရိသတ်များက စာရေးဆရာ မောင်ရိုး(ငဖဲ)မှ ရေးသားခဲ့သည့် လွမ်းရတမ်းတပါ့ငဖဲမြေ" စာအုပ်ကို စာရေးဆရာမ နန်းဟင်းပြင်းမှ လည်းကောင်း၊ စာရေးဆရာမ မိုးမိုးသင်း (ပတ္တမြားမြေ) မှလည်းကောင်း၊ စာရေးဆရာ မင်းဆက်ပိုင်မှလည်းကောင်း၊ စာရေးဆရာမ ပေါက်ပေါက်မှလည်းကောင်း၊ အသီးသီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
ဆက်လက်၍ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားအား ရုပ်သိမ်းလိုက်ကြောင်း သတင်းရသည်။
ကျော်ဆန်းမြင့်