လှည်းကူး စက်တင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်၊ ဒုတိယသုံးလပတ်အတွက် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထုတ်ပေးခြင်းကို စက်တင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းက လှည်းကူးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ပေးအပ်ရာတွင် လှည်းကူးမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက်သက်ကြီးဘိုးဘွား (၇၉၅) ဦးအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာ ရေးနှစ်၊ ပထမသုံးလပတ်၊ ဒုတိယသုံးလပတ်အတွက် ငွေကျပ်(၄၆၅၆၀၀၀၀) ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများက လူမှုရေးပင်စင်များကို ဘိုးဘွားများ လက်ဝယ်အရောက် ပေးအပ်လျက်ရှိကြောင်း သိရသည်။
လှည်းကူးအတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၇၉၅) ဦး ရှိရာလူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများက ၁၅-၉-၂၀၂၅ မှ စတင်၍ မြန်မာ့စီးပွားရေးဘဏ်တွင် ဘိုးဘွားများအား လူမှုရေးပင်စင်များ ထုတ်ပေးလျက်ရှိရာ ကျန်ရှိနေသောဘိုးဘွာများကိုလည်း ၂၈-၉-၂၀၂၅ ရက်နေ့အထိ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။
အေးအေးနွဲ့(လှည်းကူး)