လူထုအခြေပြုဗဟိုဌာန (ဗဟန်း) တွင် MSME လုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေးဟောပြော

ဗဟန်း  စက်တင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) ရှိ ဘက်စုံသုံးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက မြန်မာနိုင်ငံဘောဂဗေဒအသင်း နာယက၊ စီးပွားရေးပညာရှင် ဒေါက်တာမောင်အောင်က MSME လုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စီးပွားရေးပညာရှင် ဒေါက်တာမောင်အောင်က ခရိုင်ပြည်သူ့စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ လှူဒါန်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စီးပွားရေးပညာရှင် ဒေါက်တာမောင်အောင်က ဒုတိယစက်မှုတော်လှန်ရေးနောက်ပိုင်း မြန်မာနိုင်ငံ၏စီးပွားရေးအခြေအနေနှင့် နိုင်ငံတကာ၏ တိုးတက်နေသော စီးပွားရေးအခြေအနေများ၊ MSME စကားလုံးအဓိပ္ပာယ်များနှင့်  ကုန်စည်တစ်ခုထုတ်လုပ်ရာတွင် သတိထားရမည့်အချက်များ အကြောင်း ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လက်ထောက်ညွှန် ကြားရေးမှူးနှင့် အရာထမ်း၊ အမှုထမ်းများ၊ အမိမြေသစ္စာသတင်းဂျာနယ်၊ အယ်ဒီတာချုပ်နှင့် စာပေချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်သူဟိန်း (မြို့နယ်ပြန်/ဆက်)