ဒဂုံဆိပ်ကမ်း စက်တင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီူဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ဆောင်ရွက်ခဲ့သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်စန္ဒာက ကျောင်းစာကြည့်တိုက်များဟာ ကျောင်းသား/သူလူငယ်များအတွက် သင်ကြားရေးကို အထောက်အကူပြုစေရန်သာမက စာပေလေ့လာလိုစိတ်ကို မြှင့်တင်ပေးနိုင်သော နေရာဖြစ်ပါကြောင်း၊ ကျောင်းသား/သူ လူငယ်များအနေဖြင့် ဘက်စုံထူးချွန်သော လူရည်ချွန်မောင်မယ်များ ဖြစ်လာစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ လူငယ်နှင့် စာဖတ်ခြင်းခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် စိတ်ကြိုက်ပန်းချီပြိုင်ပွဲအား ကျင်းပရာ မူလတန်းအဆင့် ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူ ၃၀ ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်များနှင့် နံရံကပ်စာစောင်များအား ကြည့်ရှုခဲ့ကြ ကြောင်း သိရသည်။
ဖြိုးစန္ဒာ(ပြန်/ဆက်)