ဒဂုံအရှေ့ စက်တင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီမှ ညနေ ၃ နာရီထိ မလစ်(အရှေ့)ကျေးရွာအုပ်စု အုတ်ဖိုမဟာစည် သာသနရိပ်သာ၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးနည်း အသိပညာပေးခြင်း ဆောင်ရွက်ရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖြင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးနည်း အသုံးပြုပုံ အသုံးပြုနည်းများအား ရှင်းလင်းပြသပေးပြီး တက်ရောက်လာသောပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနည်းကို လက်တွေ့သရုပ်ပြ ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
အေးမဉ္ဇူ