ဒဂုံမြို့နယ် Community Centre ခန်းမတွင် ခင်ဆွေဦးရေးသားသော ဒို့တိုင်းဌာနီစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ဒဂုံ စက်တင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ယမန်နေ့က ခင်ဆွေဦးရေးသားသော ဒို့တိုင်းဌာနီစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ဦးစီးအရာရှိ ဒေါ်လဲ့လဲ့အေးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး Grade- 9 မှ  မနှင်းသော်သာထွန်းမှ ဒို့တိုင်းဌာနီစာအုပ်အခန်း(၁)ကိုဖတ်ကြားခဲ့သည်။ ဆက်လက်၍ Grade-9 မှ မောင်ဂျက်ကော့ဟဲရယ်ဦးမှ ဒို့တိုင်းဌာနီစာအုပ်မှ အခန်း(၂)ကို ဆက်လက်ဖတ်ကြားခဲ့ကြရာ ဒေါ်လဲ့လဲ့အေး(ဦးစီးအရာရှိ)က ပြန်လည်သုံးသပ်ဆွေးနွေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လစဉ် (Book Club) အဖွဲ့၀င်များနှင့် စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ နံရံကပ်စာစောင်ပြပွဲများ၊ စာအုပ်ပြပွဲနှင့်စာအုပ်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

လဲ့လဲ့ (ပြန်/ဆက်)