ကလော စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်အတွင်းရှိ ၂၀၂၄-၂ဝ၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများအား “ပညာရည်ချွန်ဆု ဂုဏ်ပြုချီးမြှင့်ပွဲ” အခမ်းအနားကို စက်တင်ဘာလ ၁၉ ရက်နေ့ညနေ ၃ နာရီက ကလောမြို့၊ မြို့နယ်ခန်းမ၌ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကလော၊ ညောင်ရွှေ၊ ဖယ်ခုံမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့သည်။
ရှေးဦးစွာ ကလောမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား၊ ကျောင်းသူများက ဘက်စုံပညာကိုရည်တို့လှမ်းချီသီချင်းဖြင့် အခမ်းအနားစတင်ဖွင့်လှစ်ခဲ့ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်တို့က ဂုဏ်ပြုအမှာ စကားပြောကြားခဲ့သည်။ ထို့နောက် ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ်တွင် ကလောခရိုင်အတွင်းရှိ ထူးချွန်စွာ အောင်မြင်ခဲ့သော ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူ (၆)ဘာသာဂုဏ်ထူးရှင် (၃)ဦး၊(၅)ဘာသာ ဂုဏ်ထူးရှင်(၇)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၇)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၂၀)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၆၇)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၁၁ဝ)ဦး၊ စုစုပေါင်းဂုဏ်ထူးရ ကျောင်းသား/သူ(၂၁၄)ဦးအား (၁)ဘာသာလျှင် (၅၀၀၀ဝိ/-)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၉,၂၅ဝ,ဝဝဝိ/-)(ကျပ်တစ်ရာကိုးဆယ်နှစ်သိန်းငါးသောင်း)ကျပ်ကို ပြည်နယ်လူမှုရေးရာဝန်ကြီး ၊ ကလောခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဂုတ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)