ပြင်ဦးလွင် စက်တင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းနှင်းအေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြင်ဦးလွင်ခရိုင် မြန်မာစာပေယဥ်ကျေးမှု အသင်းဥက္ကဋ္ဌ စာရေးဆရာ ကိုရွှေအောင်သင်းက “လူငယ်နှင့်အနာဂတ်နိုင်ငံတော်” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် ဟောပြောဆွေးနွေးချက်များကို ကျောင်းသား၊ ကျောင်းသူများအား မေးမြန်းခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက မေးမြန်းချက်များအား ပြန်လည်ဖြေကြားခဲ့သည်။
ဆက်လက်ပြီး မေးမြန်းချက်များ ပြန်လည်ဖြေကြားပေးခဲ့သော ကျောင်းသား၊ ကျောင်းသူများ အား ပီတိအပြုံး ပညာရေးဖွံ့ဖြိုးမှုအဖွဲ့မှ အတွင်းရေးမှူး ဒေါ်မြအေးငြိမ်းက ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ ရသ စာအုပ်များ ခင်းကျင်းပြသ ပေးသည်။ အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ(၃၀၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
သွေးသွေး (ခရိုင် ပြန်/ဆက်)