ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြော‌ပွဲ ကျင်းပ

ပြင်ဦးလွင် စက်တင်ဘာ ၂၁

လူငယ်ကဏ္ဍကိုမြှင့်တင်‌ဆောင်ရွက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့‌ မွန်းလွဲ (၁)နာရီအချိန်က ပြင်ဦးလွင်မြို့နယ်‌‌ သင်္ဂတုံ (မူလွန်) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြန်မာစာပေ ယဥ်‌ကျေးမှုအသင်းဥက္ကဋ္ဌ စာရေးဆရာ ကိုရွှေအောင်သင်းက လူငယ်နှင့်အနာဂတ်နိုင်ငံတော်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ကြူကြူက လူကုန်ကူးမှုအန္တရာယ်ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး   ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် ဟော‌ပြောဆွေးနွေးချက်များကို ကျောင်းသား/ ကျောင်းသူများအား မေးမြန်းခဲ့ရာ ကျောင်းသား/ကျောင်းသူများက မေးမြန်းချက်များအား ပြန်လည်ဖြေကြားခဲ့သည်။

ဆက်လက်၍ မေးမြန်း‌ဆွေးနွေးချက်များအား ပြန်လည်ဖြေကြားပေးခဲ့သော ကျောင်းသား/ ကျောင်းသူများအား တာ၀န်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက်   ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည်  ကျောင်းသား/ကျောင်းသူ များအား အသိအလိမ္မာရဖွယ် သုတ၊ရသပုံပြင်များ ဖတ်ကြားပြခြင်း၊ အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်များ ခင်းကျင်းပြသ‌ပေးခဲ့သည်။

သွေးသွေး (ပြန်/ဆက်)