မြစ်သား စက်တင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ (ဒုတိအကြိမ်) ငလျင်ဘေးအန္တရာယ်ခံစားခဲ့ရသည့် ဒေသခံပြည်သူများအား ငွေများအားပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ရွှေသူဌေးရပ်ကွက်ရှိ မြို့နယ်ခန်းမ၌ ပေးအပ်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများ ဆောင်ရွက်ပေးလျက်ရှိရာ ငလျင်ဘေးသင့်အကျိုး ခံစားခွင့်ရှိသူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဌာနမှ လက်ထောက် ငွေသားနှင့် ပြေစာထောက်ပံ့ရေးအရာရှိ ဦးချမ်းမြေ့ ထွန်းနှင့်တပ်ဖွဲ့ဝင်(၂၅)ဦးတို့က မြစ်သားမြို့ပေါ်(၆)ရပ် ကွက်ရှိငလျင်ဘေးသင့် အိမ်ထောင်စု (၄၄၀) စုအား ငွေသားပေးအပ်ခဲ့ပြီး အိမ်ထောင်စု (၁) စုလျှင်ကျပ် ၄၀၀၀၀ဝိ/-ကျပ်နှုန်းပေးအပ်ခဲ့သည်။ ဆက်လက်၍ ငွေပေးအပ်ရာနေရာသို့ မြို့နယ်ကြက်ခြေနီအသင်းဖွဲ့ဥက္ကဋ္ဌ ဦးတင့်လွင်ဦးနှင့် ကြက်ခြေနီအသင်းဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများက အနီးကပ်ကြီးကြပ်ပေးလျက်ရှိကြောင်း သိရသည်။
ဝင်းမင်းထွန်း(မြစ်သား)