(၃၈)ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များပူဇော်ကန်တော့ပွဲအတွက် အလှူငွေများ ဆက်လက်လှူဒါန်း

ဗဟန်း စက်တင်ဘာ ၂

၁၃၈၇ခုနှစ်မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ်(၃၈)ကြိမ်မြောက်သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူငွေများဆက်လက်လှူဒါန်းလျက်ရှိရာ ကွယ်လွန်သူ မိဘများဖြစ်ကြသော ဦးမောင်မောင်လတ်(စာရေးဆရာ သက်မောင်)+ ဒေါ်ကြွယ်ကြွယ် (စာရေး ဆရာမကြီး မကြွယ်ကြွယ်)၊ ကွယ်လွန်သူ မောင်များဖြစ်ကြသော (ဦးစိုးမြတ်)နှင့် (ဦးချစ်ကြည်)တို့အားရည်စူး၍ ဒေါ်ချိုချိုလတ် မိသားစုကအလှူငွေ ကျပ်ငါးသိန်း၊ ဦးမြင့်သိန်း (မောင်မောင်မြင့်သိန်းစက်မှု)နှင့် ဗဟန်းမြို့နယ်စာရေးဆရာအသင်းတို့က ငွေကျပ်တစ်သိန်းစီ၊ လှိုင်မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာကြယ်နီလေး(ဥပ​ဒေ)က ငွေကျပ်ငါးသောင်း၊ ဒေါက်တာမြင့်သန်းထွန်း(ပြည်သူ့ကျန်းမာရေး)က ငွေကျပ် ၂၂၀၀၀၀ိ/-တန်ဖိုးရှိ စာအုပ်များ ပေးအပ်လှူဒါန်းကြရာ အသင်းဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)နှင့် ဒုတိယဥက္ကဋ္ဌ(၁) ဦးမျိုးထွန်း(မောင်စိမ်းနောင်လယ်ဝေး)တို့က လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)