ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဝန်ထမ်းများ၊ စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

ပူတာအို  စက်တင်ဘာ ၂

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဉီးတိန့်ဆောင်သည် စက်တင်ဘာ (၂၀)ရက်က ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာန ဝန်ထမ်းများနှင့် ပူတာအိုမြို့အတွင်း စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံသည်။

ရှေးဉီးစွာ ပြည်နယ်ဝန်ကြီးသည် ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ  ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဌာန၏လုပ်ငန်းတာဝန်များ အားကြိုးမာန်တက်ဆောင်ရွက်သည်ကို တွေ့ရှိရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ကျေးဇူးတင်ရှိပါကြောင်း၊ လာမည့်ရွေးကောက်ပွဲ၌လည်း ကျရာအခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ဌာန၏အသိပညာပေးလုပ်ငန်း များကို ပြည်သူများကျယ် ကျယ်ပြန့်ပြန့်သိရှိနိုင်​ရေးဆောင်ကြရန်လိုအပ်ကြောင်း အမှာစကား ပြောကြားသည်။

ဆက်လက်၍ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာန ခရိုင်ဉီးစီးမှူး ဉီးတူးခေါင်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ပူတာအိုခရိုင်ရုံး၏ဖွဲ့စည်းပုံဝန်ထမ်းအင်အား စာရင်း၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုလုပ်ငန်းများနှင့် ဝန်ထမ်းများ၏ လိုအပ်ချက်များကို တစ်ဉီးချင်းရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး  ပြည်နယ်ဝန်ကြီးက ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာနတွင် တာဝန် ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းခုနှစ်ဉီး အတွက် ချီးမြှင့်ငွေသုံးသိန်းကိုပေးအပ်သည်။

ထို့နောက် ခရိုင်လမ်းဉီးစီးရိပ်သာ၌ ပူတာအိုခရိုင်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး အခမ်းအနားတက်ရောက်လာသည့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဉက္ကဋ္ဌဉီးစိုးထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌ ဉီးကျော်ကျော်လွင်နှင့် စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များက ခရိုင်အတွင်းစက်သုံးဆီလိုအပ်မှုအခြေအနေများ၊ လုပ်ငန်း ဆောင်ရွက်ရာတွင် ​တွေ့ကြုံရသည့်အခက်အခဲများရှင်းလင်းတင်ပြချက်အပေါ် ပြည်နယ်ဝန်ကြီးက ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)