မြစ်ကြီးနား စက်တင်ဘာ ၂၀
ကချင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းအမျိုးသမီးများ မိသားစုအပိုဝင်ငွေ ရရှိစေရေးနှင့် ဌာနဆိုင်ရာ အခမ်းအနားများတွင် မွန်းမန်ပြင်ဆင်ပေးနိုင်ရေးအတွက် အခမဲ့ပန်းအလှဆင် သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ယနေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ သင်တန်းတွင် ပန်းပညာရှင် ဆရာဦးသန်းမင်းဦးက စားပွဲတင်ပန်း၊ လက်ကိုင် ပန်း၊ ရင်ကပ်ပန်း၊ လက်ဆောင်ပန်းစဉ်း၊ ဂုဏ်ပြုပန်းစည်း၊ အခမ်းအနားပြင်ဆင်ခြင်း၊ ပန်းခြင်း၊ ပန်းခွေ၊ နံရံကပ်၊ မျက်နှာကျက်ပန်းထိုးခြင်း၊ မင်္ဂလာကားပြင်ဆင်ခြင်းနှင့် ဂုဏ်ပြုကားပြင်ဆင်ခြင်း များကို ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းအမျိုးသမီး(၂၀) ဦးတို့အား (၂) ရက်ကြာ စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)