အခြေခံပညာမူလတန်းကျောင်း(ခြံတဲ)၌ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

လှည်းကူး  စက်တင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အခြေခံပညာမူလတန်းကျောင်း(ခြံတဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးနွဲ့က လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး စာဖတ်ခြင်း၏ အကျိုးကျေးဇူး၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဆိုးကျိုးများအကြောင်းနှင့် ဆေးလိပ်သောက်ခြင်းအန္တရာယ်တို့ကို ကျောင်းသား၊ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မေဇင်ဇင်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့(လှည်းကူး)