မြောက်ဥက္ကလာပမြို့နယ် အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြော

မြောက်ဥက္ကလာပ   စက်တင်ဘာ  ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင်  အမှတ်(၃၅) ယာဥ်ထိန်းတပ်ဖွဲ့စုမှ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ် ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းကို စက်တင်ဘာ  ၂၀ နံနက် ၉ နာရီအချိန် အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း ရွှေအင်ကြင်းခန်းမတွင် ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၃၅) ယာဥ်ထိန်းတပ်ဖွဲ့စုမှ မြို့နယ်တပ်စုမှူး ဒုတိယရဲမှူး လှိုင်ဝင်းအောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လမ်းဖြတ်ကူးရာတွင် လိုက်နာရမည့် စည်းကမ်းများ၊ ခြေကျင် လမ်းလျှောက်သူများ လိုက်နာရမည့်  စည်းကမ်းများ၊ အုပ်စုလိုက် အစုအဝေးဖြင့် လျှောက်သူများ လမ်းလျှောက်သူများလိုက်နာရမည့် စည်းကမ်းမျာ၊ အနှေးယာဉ်စီးနင်းသူများ လိုက်နာရမည့် စည်းကမ်း စသည့်အသိပညာ ဗဟုသုတများအား ကျောင်းသား၊ ကျောင်းသူများ သိရှိလိုက်နာနိုင်ရေး အသိပညာပေး ဟောပြောပေးခဲ့ပြီး  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး လက်ကမ်း‌စာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြရာ ကျောင်းအုပ်ဆရာကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ အမှတ်(၃၅) ယာဥ်ထိန်းတပ်ဖွဲ့စုမှ မြို့နယ် တပ်စုမှူး ဒုတိယရဲမှူးလှိုင်ဝင်းအောင်နှင့် တပ်ဖွဲ့၀င်များ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လေးမြင့်နှင့်  ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ  ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)