သင်္ဃန်းကျွန်းခရိုင်တွင် ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်

သင်္ဃန်းကျွန်း  စက်တင်ဘာ  ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၅-ခုနစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်သည့်အခမ်းအနားအား အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်း ကျောင်း (သုဝဏ္ဏ) သီရိသုဝဏ္ဏပညာခန်းမတွင် စက်တင်ဘာလ ၂၀ ရက်နေ့ နံနက်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အ-ထ-က (သုဝဏ္ဏ)ကျောင်းသား၊ကျောင်းသူများက ပြည်မြန်မာသီချင်းဖြင့် ကပြဖျော်ဖြေပြီး သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက် က အဖွင့်အမှာစကားပြောကြားပြီး (၆)ဘာသာဂုဏ်ထူးရှင် ၃ ဦး၊(၅)ဘာသာဂုဏ်ထူးရှင် ၃ ဦးနှင့် (၄)ဘာသာဂုဏ်ထူးရှင် ၃ ဦး၊အောင်ချက်အကောင်းဆုံး ပထမဆုရရှိသည့်အ-ထ-က (၁) သင်္ဃန်းကျွန်း၊ ထက်ပညာ့ရိပ်ကိုယ်ပိုင်အထက်တန်းကျောင်းတို့အား ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်ခဲ့သည်။

ဆက်လက်ပြီး သင်္ဃန်းကျွန်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးကော်မတီဥက္ကဠ ဒေါ်ဒါလီမျိုးဦးက (၅)ဘာသာဂုဏ်ထူးရှင် ၄ ဦး၊(၄)ဘာသာဂုဏ်ထူးရှင် ၄ ဦး၊ အောင်ချက်အကောင်းဆုံး ဒုတိယဆုရရှိသည့် အခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်း ကျောင်း သုဝဏ္ဏ၊ ရွှေပင်ရွှေသီးကိုယ်ပိုင်အထက်တန်းကျောင်းတို့အား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။ အောင်ချက်အကောင်းဆုံး တတိယဆုရရှိခဲ့သည့် အမေ့အိမ်ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် အ-ထ-ကခွဲ အ-လ-က ၅ကျောင်းတို့အား သင်္ဃန်းကျွန်းခရိုင် ပညာရေးမှူး ဒေါ်စုစုခင်က ပေးအပ်ချီးမြှင့်ခဲ့သည်။ မြန်မာတစ်နိုင်ငံလုံး အမှတ် Top 3 ရရှိအောင်သင်ကြားပေးသည့် ပညာမြင်းမိုရ် ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် Star Training Learning Center တို့အား ဆုများဆက်လက်ချီးမြှင့်ခဲ့သည်။

ထို့နောက် ထူးချွန်ဆုရရှိခဲ့ကြသည့် ဆုရကျောင်းသား/ကျောင်းသူများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အခမ်းအနားသို့  သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်၊ သင်္ဃန်းကျွန်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ဒါလီမျိုးဦး၊ သင်္ဃန်းကျွန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုး၊သင်္ဃန်းကျွန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်း၊ ခရိုင်ပညာရေးမှူး ဒေါ်စုစုခင်နှင့် ခရိုင်အဆင့်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ဖိတ်ကြားထားသည့် ဧည့်သည်များ၊မိဘ/အုပ်ထိန်းသူများ၊ ကျောင်းအုပ် ဆရာမကြီးနှင့် ဆုရကျောင်းသား/ကျောင်းသူများ စုစုပေါင်း ၁၀၀၀ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇော်မိုး (သင်္ဃန်းကျွန်း)