ညောင်ဦး စက်တင်ဘာ ၂၁
ညောင်ဦးမြို့နယ်အတွင်း (၂ဝ၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး/ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှမန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း (၂ဝ၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး/ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ခရိုင်ကော်မတီဝင်များ၊ ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် မြို့နယ်ကော်မတီဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ညောင်ဦးခရိုင် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီအဖွဲ့မှ တာဝန်ရှိသူများမှ ပုဂံမြို့သစ်မှ နတ်ကြိုအိုင်ကျေးရွာသွား ကတ္တရာခင်းခြင်း ဆောင်ရွက်ပြီးစီးမှု၊ တောင်ရှေ့ကျေးရွာအဝင် ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ တောင်ပုံဝ-လက်ဝဲလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ စီသာကျေးရွာအဝင် ကတ္တရာလမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှုတို့အား သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း