မိုင်းရှူး စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် စိုက်ပျိုးရေးဆိုင်ရာ ပိုးသတ်ဆေးဥပဒေရှင်းလင်းပွဲကို ယမန်နေ့နံနက်(၁၀)နာရီက စိုက်ပျိုးရေးဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးမင်းသန်းက ရှင်းလင်းပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များနှင့်ပတ်သက်၍ပြောကြားပြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးညီဆန်းဝင်းက ပိုးသတ်ဆေးသုံးစွဲရာတွင် လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများနှင့် လွိုင်လင်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်သီးနှံကာကွယ်ရေးဌာနခွဲ (တာဝန်ခံ) ဒေါ်ခင်နှင်းသူက ပိုးသတ်ဆေးဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ၊ ပိုးသတ်ဆေးလက်လီလက်ကား ရောင်းချခွင့်လိုင်စင်ရရှိသူ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များအကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ရှင်းလင်းပွဲသို့တက်ရောက်လာသည့် စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်များမှ လုပ်ငန်းရှင်များနှင့် တောင်သူများအား ပိုးသတ်ဆေးဖျန်းရာတွင် ဝတ်ဆင်ရမည့် PPE ဝတ်စုံများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းလူ (ပြန်/ဆက်)