ညောင်ဦး စက်တင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်း ဆောင်ရွက်လုပ်ကိုင်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းကို စက်တင်ဘာ ၂၀ နံနက် ၉ နာရီက စတင်၍ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လုပ်ကိုင်လျက်ရှိသည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုသည် ကော်မတီဝင်များ၊ ညောင်ဦးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကန်တော့ပလ္လင်ဘုရားကြီး ရင်ပြင်တော်ရှိ ဆုကြီးပန်အောင်တော်မူဘုရားအနီး ကန်တော့ပလ္လင်ဘုရားကြီးဆိုင်ရာအချက် အလက်နှင့် ဘုရားဖူးလမ်းညွှန်(Pagoda Digital Directory-PDD) စက်နှင့် စက်ခန်း ဆောင်ထားရှိမှု၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသအတွင်း ဌာနဆိုင်ရာရုံးများ၊ ဂေါပကအဖွဲ့ရှိ ဘုရား/စေတီများ၊ ရပ်ကွက်/ကျေးရွာများအတွင်း စိုက်ပျိုးရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)၌ (၁) ပေခွဲအမြင့်ရှိ ဒေသမျိုးရင်း မန်ကျည်းပျိုးပင် တစ်သောင်းဖြန့်ဝေပးရန် စုဆောင်းထားရှိသည့် ပျိုးခြံအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် အဆိုပါပြတိုက်နှင့် ယွန်းပညာကောလိပ်အတွင်း ပုဂံဒေသထွက် ကုန်ပစ္စည်းများ ခင်းကျင်းပြသနိုင်ရေး စီစဉ်နေရာချထားမည့် ဆိုင်ခန်းနေရာများနှင့် ကြည့်ရှုစစ် ဆေးသည်။ ဆက်လက်၍ ညောင်ဦးမြို့၊ ကျန်စစ်သားလမ်း(ရွှေစည်းခုံဖြတ်လမ်း)သင်္ခါရ လမ်းဆုံ၊ အလိုတော်ပြည့်ဘုန်းကြီးကျောင်းအနီး နိုင်လွန်ကတ္တရာခင်းခြင်းနှင့် ကတ်တုံး ပြုလုပ်ခြင်းလုပ်ငန်းနှင့် ညောင်ဦးမြို့၊ အမှတ် (၃)ရပ်ကွက်၊ ငှက်ပစ်တောင်ရေစက်ရုံတွင် ဆိုလာတပ်ဆင်ခြင်းလုပ်ငန်း(60 HP)45 KW Solar Pannel(၁၆၀)ချပ် တပ်ဆင်ခြင်း လုပ်ငန်းတို့အား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ညောင်ဦး လေဆိပ်လမ်းဆုံမှ ပုဂံမြို့သစ်အဝင်လမ်း (လမ်းဟောင်း) ၀ ကီလိုမီတာမှ ၀.၆၀၆ ကီလိုမီတာအထိ (၀.၆၀၆ ကီလိုမီတာ)အရှည်၊ (၅.၅ မီတာ)အကျယ်အား ကတ္တရာ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ညောင်ဦးမြို့ရှောင်လမ်းအား အခြေခံလွှာခင်းကြိတ်၍ (၇.၃၁မီတာ)အကျယ် (၇၅ မီလီမီတာ) ထုကတ္တရာမျက်နှာပြင်လွှာခင်းခြင်း လုပ်ငန်းတို့အား ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့် လမ်းဦးစီးဌာနမှ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေ မြေနဲလေးကျေးရွာအုပ်စု၊ မြေနဲလေးကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများဖြစ်သည့် ရေကျော်(၁)စင်းနှင့် Slab Culvert (၃)စင်းတည် ဆောက်ခြင်း လုပ်ငန်းများအားလည်ကောင်း၊ ထနောင်းဝင်းကျေးရွာ စက်ရေတွင်းဆိုလာတပ်ဆင်ခြင်း၊ မြေသားရေကန်ရွှံစေးဖြည့်ပြုပြင်ခြင်းနှင့် ၂" PVC ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း တို့အား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့အားလည်းကောင်း၊ စည်သာကျေးရွာအုပ်စု၊ စည်သာကျေးရွာအခြေခံ ပညာမူလွန်ကျောင်းတွင် (၆၀x၃၀)ပေ RCC (၁)ထပ်ကျောင်းဆောင်အသစ်အား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့် BRAVE WINGS Construction Co,Ltd မှ တာဝန်ယူဆောက်လုပ်နေမှု အခြေအနေတို့အား ကွင်းဆင်းစစ်ဆေးရာ သက်ဆိုင်ရာတာ ဝန်ရှိသူများက ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့အား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ဒီပါလင်း