လှည်းကူး စက်တင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု စာရင်းကောက်ယူခြင်းတို့ကို စက်တင်ဘာ ၁၉ နံနက်ပိုင်းက သာယာကုန်းကျေးရွာနှင့် ကလီထော်အနောက်ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူးရုံးမှ ဒုလဝကမှူး ဦးဆောင်၍ ဝန်ထမ်းများက သာယာကုန်းကျေးရွာနှင့် ကလီထော်အနောက်ကျေးရွာရှိ အသက်(၁၇-၁၈) နှစ်ကြားနှင့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား Biometric ဆောင်ရွက်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ အိမ်ထောင်စုစာရင်းမရှိသူများအား အိမ်ထောင်စုစာရင်းများ ကောက်ယူခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းကြည်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေးအေးနွဲ့(လှည်းကူး)