မန်ကန်မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

မန်ကန်  စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသော အောင်မြင်ခြင်းရဲ့အုတ်မြစ် စာအုပ်ဖြင့် စက်တင်ဘာလ ၁၈ ရက်နေ့က စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မန်ကန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မွန်မွန်စိုးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်များဖြစ်သည့် ဦးဇော်လင်းမှ ပညာကိုမြတ်နိုး တတ်သောခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ထွေးခင်မှ လမ်းမှန်သိမြင်ခေါင်းစဉ်ဖြင့်လည်းကောင်း အပြန်အလှန်ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။  

မွန်မွန်(ပြန်/ဆက်)