ကမာရွတ်မြို့နယ်၌ (၆၁)နှစ်မြောက်  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကိုကြိုဆို ဂုဏ်ပြုသောအားဖြင့် စုပေါင်း သွေးလှူဒါန်းပွဲပြုလုပ်

ကမာရွတ်  စက်တင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် အောက်တိုဘာလ (၁)ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်တင်ဘာ ၂၀ ရက်နေ့ နံနက်ပိုင်းက ကမာရွတ်ခရိုင်၊ ယာယီရဲတပ် ဖွဲ့မှူးဦးဆောင်၍ တပ်ဖွဲ့ဝင်များမှ ပြည်သူ့အကျိုးပြုလုပ်ငန်း စုပေါင်းသွေးလှူဒါန်းပွဲဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ သွေးလှူဒါန်းပွဲဆောင်ရွက်ရာတွင် ကမာရွတ်ခရိုင် ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး ကျော်ဦး၊ ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူးယာယီရဲမှူး ဝင်းတင့်၊ ကမာရွတ် မြို့မ ရဲစခန်းမှူး  ဒုရဲမှူးခင်မောင်အေးနှင့် ရဲတပ်ဖွဲ့ဝင်အင်အား (၅၀)ဦးတို့က တပ်မတော်အရိုး ရောဂါ အထူးကုဆေးရုံကြီး ကုတင် (၅၀၀)မင်္ဂလာဒုံတွင် စုပေါင်းသွေးလှူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိမ်းလဲ့