ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မီးခိုးမြူငွေ့ လေထုညစ်ညမ်းခြင်းအကြောင်း ရပ်ကွက်နေပြည်သူများအား အသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆမားဒူးဝါးရပ်ကွက်တွင် မြို့နယ် တာဝန်ရှိသူများက သွားရောက်ဆောင်ရွက်ခဲ့သည်။
ဟောပြောရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းနှင့် မြို့နယ်မီးသတ်ဦးစီးမှုး ဦးစောမောင်သန်းတို့က “လေထုညစ်ညမ်းမှုအကြောင်း၊ လေထုညစ်ညမ်းစေသည့် အကြောင်းအရင်းများ၊ လေထုညစ်ညမ်းမှု အမျိုးအစားနှစ်မျိုး၊ လေထုညစ်ညမ်းမှုကြောင့် ဖြစ်စေနိုင်သည့် ကျန်းမာရေး ပြဿနာများ၊ လေထုညစ်ညမ်းမှု၏ အကျိုးဆက်များ၊ လေထုညစ်ညမ်းမှု လျော့ချရန် နည်းလမ်းများ စသည်တို့ကို ရပ်ကွက်နေ ပြည်သူများ နားလည်လွယ်အောင် ဥပမာပေးများဖြင့် အသိပညာပေး ဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ ဆိပ်ကြီးခနောင်တိုမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်း၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝေယံ(ပြန်/ဆက်)