နောင်ချို စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ဆောင်းသီးနှံ(နေကြာ) မျိုးစေ့ထုတ်လုပ်ငန်းနှင့် စံပြကွက်စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့နှင့် ဓါတ်မြေဩဇာ ပေးအပ်ခြင်း အခမ်း အနားကို စက်တင်ဘာ ၂၀ နံနက် ၁၀:၀၀ နာရီက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်မဲခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ကျောက်မဲခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းဝင်းစိုးမှ နေကြာစိုက်ပျိုးမည့် တောင်သူများနှင့် နေကြာစိုက်ပျိုးနည်းများအား စနစ်တကျ ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် ဓါတ်မြေဩဇာပုလဲ (၁၅)အိတ်၊ သဘာဝဓာတ်မြေဩဇာ (၃၀) အိတ်၊ ကွန်ပေါင်းဓါတ်မြေဩဇာ (၁၅) အိတ်၊ နေကြာမျိုးစေ့ (၁၅) အိတ်ကို တာဝန်ရှိသူများမှ ပေးအပ်ချီးမြှင့်ခဲ့ပြီး နေကြာစိုက်တောင်သူများက အသီးသီး လက်ခံရယူခဲ့ကြသည်။ ယနေ့ အခမ်းအနားသို့ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် နေကြာစိုက်ပျိုး တောင်သူ စုစုပေါင်း (၅၈)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)