ကျိုင်းလပ်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စကားပုံဆက်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

ကျိုင်းလပ် စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့‌ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၉) နာရီက စကားပုံဆက်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့‌သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပြည်သူ့စာကြည့်တိုက်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ စာဖတ်သည့် အလေ့ကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုထက်မြက်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပေးခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စကားပုံဆက်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို  ကျင်းပခဲ့ရာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၂) ဦးပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုလက်ဆောင်များ ပေးအပ်၍ ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများကို အာဟာရ ဖြည့်မုန်များ ပေးဝေခဲ့သည်။ ၎င်းနောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့ကြောင်း သိရသည်။

စန်းစန်းမြင့်(ပြန်/ဆက်)