မြစ်သား စက်တင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ကာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန ကျန်းမာရေးဆရာမများက မြို့ပေါ်ရှိ အခြေခံပညာမူလတန်းကျောင်းများမှ KG ကလေးများအား ယမနနေ့နံနက်ပိုင်းအချိန်က ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးကို တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် အများအားဖြင့် ညစ်ညမ်းသောရေမှတစ်ဆင့် ကူးစက်တတ်သော ဘက်တီးရီးယားရောဂါဖြစ်သည်။ ဝမ်းပျက်ဝမ်းလျှောရောဂါသည် ပြင်းထန်ဝမ်းလျှောခြင်းနှင့် ရေဓာတ်ခမ်းခြောက်ခြင်းကို ဖြစ်စေနိုင်သောကြောင့် ကလေးငယ်များအား ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန ကျန်းမာရေးဆရာမများက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးကို မြို့ပေါ်ရှိအခြေခံပညာမူလတန်းကျောင်းများမှ KG ကလေး (၄၄၆)ဦးကို တိုက်ကျွေးပေးခဲ့ကြောင်း မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့်