မင်္ဂလာဒုံ စက်တင်ဘာ ၂၀
(၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်္ဂလာဒုံမြို့နယ် အမှတ်(၁) တပ်မတော် အရိုးအထူးကုဆေးရုံကြီး ခုတင် ၅၀၀ တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင်၊ အင်းစိန်ခရိုင်၊ မရမ်းကုန်းခရိုင်၊ မှော်ဘီခရိုင်၊ လှည်းကူးခရိုင်၊ ကမာရွတ်ခရိုင်၊ အလုံခရိုင်၊ ကျောက်တံတားခရိုင်များရှိ ရဲတပ်ဖွဲ့ဝင်များမှ ယနေ့နံနက်ပိုင်းက စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။
အဆိုပါ သွေးလှူဒါန်းခြင်း ဆောင်ရွက်နေမှုများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူးများနှင့် အမှတ်(၁) တပ်မတော်အရိုးအထူးကုဆေးရုံကြီး (ခုတင် ၅၀၀)မှ ဗိုလ်မှူးကြီး ဝေယံထွန်းတို့က လိုက်လံကြည့်ရှုအားပေးပြီး သွေးလှူဒါန်းပေးခဲ့ကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား အဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းသိန်းထွန်း