မြစ်သား စက်တင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြောပွဲ၊ ပုံတူပန်းချီဆွဲပြိုင်ပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က ကျောင်း သား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ဥာဏ်ရည်ဥာဏ်သွေးဖွံ့ဖြိုးစေရန် ၊ ပြောရဲ ဆိုရဲသောသတ္တိများရှိစေရန်တို့ကို ဟာပြောခဲ့သည်။ ထို့နောက် ပုံတူပန်းချီဆွဲပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၄)ဦးတို့ ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ပြိုင်ပွဲအပြီးတွင် ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များအား တက်ရောက်လာသော ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဝါဝါမြင့်(မြစ်သား)