တာချီလိတ် စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်၌ ရန်ရှင်း-ဘာဘီး-ပန်တော်ချေ ကတ္တရာခင်းခြင်းလုပ်ငန်း အချိန်မီပြီးစီးရေး ယမန်နေ့က တာဝန်ရှိသူတို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်နယ်ရန်ပုံငွေကျပ်(၃၁၆.၄၉၉)သန်းဖြင့် အရှည်(၀.၇)မိုင်၊ အကျယ် (၁၂)ပေ၊ ထု ၉ လက်မရှိ ရန်ရှင်း-ဘာဘီး-ပန်တော်ချေ ကတ္တရာလမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို တာချီလိတ်ခရိုင်ကျေး လက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးရဲလွင်နှင့်တာဝန်ရှိသူတို့က ကွင်းဆင်းစစ်ဆေးရာ ကုမ္ပဏီတာဝန်ရှိသူတို့က လုပ်ငန်းဆောင်ရွက် နေမှုကိုရှင်းလင်းတင်ပြကာ လုပ်ငန်းများသတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
အဆိုပါ ရန်ရှင်း-ဘာဘီး-ပန်တော်ချေ ကတ္တရာလမ်း ကျေးရွာ(၇)ရွာ၊ အိမ်ခြေ(၁၅၉)အိမ်နှင့် လူဦးရေ(၁၅၇၃)ဦးတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးပြုသည့်လမ်းဖြစ်ကြောင်း သိရသည်။
သန်းဇော်