မြောက်ဥက္ကလာပမြို့နယ် အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြော

မြောက်ဥက္ကလာပ စက်တင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင်  အမှတ်(၃၅)ယာဥ်ထိန်း တပ်ဖွဲ့စုမှ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၉ နာရီအချိန် အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း ရွှေအင်ကြင်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၃၅) ယာဥ်ထိန်းတပ်ဖွဲ့စုမှ မြို့နယ်တပ်စုမှူး ဒုတိယရဲမှူး လှိုင်ဝင်းအောင်က ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် လမ်းဖြတ်ကူးရာတွင် လိုက်နာရမည့် စည်းကမ်းများ၊ ခြေကျင်လမ်းလျှောက်သူများ လိုက်နာရမည့် စည်းကမ်းများ၊ အုပ်စုလိုက် အစုအဝေးဖြင့် လျှောက်သူများ လမ်းလျှောက်သူများ လိုက်နာရမည့် စည်းကမ်းများ၊ အနှေးယာဉ် စီးနင်းသူများ လိုင်နာရမည့် စည်းကမ်း စသည့် အသိပညာ ဗဟုသုတများအား ကျောင်းသား၊ ကျောင်းသူများ သိရှိလိုက်နာနိုင်ရေး အသိပညာပေး ဟောပြောပေးခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်း‌စာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြရာ ကျောင်းအုပ်ဆရာကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ အမှတ်(၃၅) ယာဥ်ထိန်းတပ်ဖွဲ့စုမှ မြို့နယ်တပ်စုမှူး ဒုတိယရဲမှူး လှိုင်ဝင်းအောင်နှင့်တပ်ဖွဲ့၀င်များ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လေးမြင့်နှင့်  ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူ  ၁၅၀ ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)