သာကေတ စက်တင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ ၆/အနောက်ရပ်ကွက်၊ သီလဝိသုဒ္ဓိဓမ္မာရုံ၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်မှ ၁၂ နာရီအချိန်ထိ ရပ်ကွက်နေ မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေစမ်းသပ်မဲပေးခြင်းအစီအစဥ်အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းနိုင်မှ အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီ၊ အဖွဲ့ဝင်ဒေါ်မို့မို့ဝါ(မြို့နယ်ဥပဒေအရာရှိ)မှ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးပြောကြားပြီး မြို့နယ်ထွေ/အုပ်၊ ဒုတိယဦးစီးမှူးဦးမောင်မောင်မျိုးခိုင်မှ MEVM စက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးပုံအဆင့်ဆင့်ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊အဖွဲ့၀င် ဗိုလ်မှူးသူရိန်ဇော်နှင့် ဦးညွန့်ဝေ၊ ဒေါ်ခင်သင်းသင်းဇော်(မြို့နယ်စီမံကိန်းဦးစီးမှူး)၊ ဒေါ်မို့မို့ဝါ(မြို့နယ်ဥပဒေအရာရှိ)၊ အတွင်းရေးမှူးရဲမှူး ညွန့်ဝင်း၊ မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းနိုင်၊ မြို့နယ်ကော်မရှင်အဖွဲ့ဝင်ဦးကျော်ဝင်းနှင့် ဦးစန်းမြင့်ထွန်း၊ မြို့နယ် MEVM စက်နည်းပြဆရာများ၊ မြို့နယ်ထွေ/အုပ်၀န်ထမ်းများ၊ မဲဆန္ဒရှင်ပြည်သူများ စုစုပေါင်း (၉၃၆)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရရှိသည်။
အိရွှေစင်လတ်(သာကေတ)