မင်္ဂလာတောင်ညွန့်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဟောပြောပွဲ၊ လူငယ်စကားဝိုင်းနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများ ကျင်းပ

မင်္ဂလာတောင်ညွန် စက်တင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောာင်ညွန့်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဟောပြောပွဲ၊  လူငယ်စကားဝိုင်းနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများကို ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က ‌အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ကျင်းပဆောင်ရွက်ခဲ့ကြသည်။

ဦးစွာ မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်မြတ်အေးက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အကြောင်းအရာများကို ဆွေးနွေးဟောပြောခဲ့ပြီး စာရေးဆရာမ မေ(ရန်ကုန်)က လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဥ်ဖြင့်  ကျောင်းသူလေးများအား ကျောင်းစာသာမက ပြင်ပဗဟုသုတရရှိ‌စေမည့် စာပေများကိုလည်း ဖတ်ရှုလေ့လာသင့်ကြောင်းနှင့် စာဖတ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများ စသည့်အကြောင်းအရာတို့ကို ဆွေးနွေးဟောပြောခဲ့ကြပါသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီးအရာရှိ ဒေါ်မြတ်မြတ်အေးက moderator အဖြစ် ဆောင်ရွက်ခဲ့ပြီး လူငယ်နှင့်အာဂတိခေါင်းစဥ်ဖြင့် Grade-10 မှ မဆုလှိုင်ထက်ကလည်းကောင်း၊ လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့် Grade-10 မှ မဖူးပြည့်စုံဝင်းကလည်းကောင်း၊ လူငယ်နှင့်ကိုယ်ချင်းစာတရားခေါင်းစဉ်ဖြင့် Grade-11 မှ  မယုနဒီလွင်ကလည်းကောင်း၊ လူငယ်နှင့်ဖြောင့်မတ်တည်ကြည်မှုခေါင်းစဉ်ဖြင့် Grade-10 မှ မသီရိသဇင်ဝင်းကလည်းကောင်း၊ လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် Grade-10 မှ မိထောယဉ်မွန်တို့ကလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး ကျောင်းသူလေးများက သိလိုသည်များကို မေးမြန်းခဲ့ကြရာ ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ကြပါသည်။

ထိုနောက် ဆွေးနွေးပြောကြားခဲ့ကြသည့် ကျောင်းသူကလေးများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးတင်မောင်မောင်ဦးနှင့် တာဝန်ရှိသူများက လက်ဆောင်ပစ္စည်းများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ဂိမ်းကစားပြိုင်ပွဲများကို ကျင်းပခဲ့ရာ အ.ထ.က(၃)မှ ကျောင်းသူကလေးမျာအား ဘောလုံးကောက်ပြေးခြင်း၊ စကားပုံဆက်ဂိမ်းကစားခြင်း၊ ဥာဏ်စမ်းမေးခွန်းများဖြေဆိုခြင်းနှင့် ဘယ်ခြေညာလက်ကစားခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး အဖြေမှန်သူများအား ဆုလက်ဆောင်များအဖြစ် ဗလာစာအုပ်၊‌ ဘောပင်၊ ခဲတံ၊ ခြင်းများကို ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်ပြပွဲများကို  ကျောင်းသူများက စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြတ်မြတ်အေး(ပြန်/ဆက်)