ကျောက်တံတား စက်တင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူလူငယ်များ စာပေကို အလွယ်တကူဖတ်ရှုနိုင်ရန်၊ စာပေဖတ်ရှုခြင်းဖြင့် အမှား၊ အမှန်ကို ခွဲခြားတတ်စေရန်နှင့် အနာဂတ်တွင် နိုင်ငံကိုအကျိုးပြုမည့် သားကောင်းရတနာများဖြစ်လာစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ် (၁၂)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများသို့ သုတ၊ ရသစာအုပ်နှင့် ယဉ်ကျေးလိမ္မာပုံပြင်စာအုပ်များကို ငှါးရမ်းပေးခဲ့ကြပြီးနောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် နံရံကပ်စာစောင်များကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)