လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊  ပြိုင်ပွဲများ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ဗဟန်း စက်တင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင်  လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ ပြိုင်ပွဲများ၊ နံရံကပ်စာ‌စောင်ပြပွဲ၊စာအုပ်ပြပွဲကို ယနေ့နံနက်၁၀နာရီအချိန်က ကျင်းပခဲ့‌ကြောင်း သိရသည်။

ရှေးဦးစွာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က အဖွင့်အမှာစကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများ လိမ္မာယဉ်ကျေးသော လူငယ်လူရွယ်များဖြစ်လာစေရန်၊ အသိပညာဗဟုသုတကြွယ်ဝစေရန်အတွက် လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကြောင်း သိရပါသည်။

ထို့နောက်တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စကားပုံဆက် ဆက်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်ပန်းချီ​ရေးဆွဲပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသ ထားသော ဗဟုသုတရရှိစေသည့် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်ပြပွဲများကိုလည်း စိတ်ပါ၀င်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိပါသည်။

သင်းသင်းစိုး(ပြန်/ဆက်)