ပုဇွန်တောင်မြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများကျင်းပ

ပုဇွန်တောင် စက်တင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၁၁:၃၀ နာရီအချိန်က အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်း ပင်လုံခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ‌ဦးအောင် သူက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စာရေးဆရာမ မေမြတ်စန္ဒာက “ဉာဏဗလပြည့်စုံဖို့ စာဖတ်ကြပါစို့” ‌ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်၊၊ ဆက်လက်၍ ကဗျာရွတ်ဆို ပြိုင်ပွဲကို ကျင်းပခဲ့ရာ ပြိုင်ပွဲဝင်‌ကျောင်းသူ/ကျောင်းသားလေးများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြပြီး ဆုရရှိသူများကို တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် စကားပုံဆက်ပြိုင်ပွဲနှင့် ဉာဏ်စမ်းစွမ်းရည်ပြိုင်ပွဲများ ဆက်လက်ကျင်းပခဲ့ရာ ကျောင်း သား/ကျောင်းသူလေးများက ပျော်ရွှင်စွာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဖြေဆိုနိုင်သူ ကျောင်းသူ/ ကျောင်းသားများအား တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ခဲ့ကြသည်။

ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် လူငယ်အသိပညာပေးစာအုပ်စာစောင်များအား စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဟန်စုယဉ်